http://pyarlay.blogspot.com/

http://pyarlay.blogspot.com/

ပျားလေးပျော်ရာနှင်းဆီကမ္ဘာ မှ လှိုက်လှဲစွာကြိုဆိုပါ၏ သီချင်းများကို STOP BUTTON အား CLICK အားနှိပိပြီးပိတ်ထားနိုင်ပါဥည်။

100

***** *

Saturday, May 25, 2013

မျှော်လင့်သော ဆန္ဒ


ချစ်သော............သူ
ဖြစ်နိုင်မယ်ဆိုလျှင် ....
ငါဟာ ပန်းပုဆရာတစ်ယောက်မဟုတ်ပေးမယ့် ဘ၀ကိုစိတ်ကူးတွေအတိုင်း ထုဆစ်ပုံဖေါ်ချင်မိတယ် ....
ငါဟာ နေမင်းမဟုတ်ပေမယ့် မတောက်ပသေးတဲ့ မျှော်လင့်ခြင်းတွေအတွက် အလင်းတွေပေးစွမ်းချင်မိတယ် .....
ငါတို့ ရင်ခုန်သုံတွေ ကြိုးညှိတိုင်း ကြားနေရတဲ့ သံဇဉ်တွေကို စမ်းချောင်းလေးဘေးက လေပြေတိုးသံပမာ
အေးမြသာယာ နူးညံ့စေချင်တယ် .....
ချစ်သော............သူ
မင်းပျော်နေတာကို ငါမြင်ချင်တယ် ...
မင်းအပြုံးလေးနဲ့ ရယ်မောနေတဲ့ အသံလေးကို ငါကြားချင်တယ် ...
မင်းအဆင်ပြေနေတာကို ငါ တွေ့ချင်တယ် ...
မင်းနဲ့ အတူစားနေရတာကို ငါဝမ်းသာတယ်  ....
မင်းဆန္ဒတွေ ဖြည့်ဆည်းပေးနေရတာကို ငါကျေနပ်တယ် ...
တကယ်တော့ .....
ငါ့အချစ်တွေက မင်းလိုသမျှဖြည့်ဆည်းပေးဖို့အတွက် ငါဟာ မျှော်လင့်သောဆန္ဒ တစ်ခုရပ်တည်ရှင်သန်နေတယ်ဆိုတာ ......ချစ်သော............သူ           သိပါစေနော် .............
                                                                              
                                                                           ***ပျားလေး***

Tuesday, February 26, 2013

ချစ်ခြင်းမေတ္တာ

LOVE
No trouble that love can truly overcome
Let's decorate the world with love only
If there is no love, being a man in the world will be heartbroken.
Let's embrace love only.
အချစ်
ချစ်ခြင်းမေတ္တာ မကျော်နိုင်တဲ့ ဒုက္ခဆိုတာ တကယ်မ၇ှိ
မေတ္တာနဲ့သာ ဒီကမ္ဘာကို အလှဆင်စို့ ။
ချစ်ခြင်းမေတ္တာ မရှိပါမူ ထိုကမ္ဘာ ၀ယ် လူသားဖြစ်ခွင့် ကြုံရလင့်လည်း
ရင်နင့်စရာ ဖြစ်သွားမှာမို့ မေတ္တာကိုသာထွေးပိုက်ပါစို့ ........

Monday, February 18, 2013

သံသယတွေ ..ကင်းဝေးပါစေ....

ငါ တို့နှစ်ယောက် ချစ်နေကြတာ တစ်ယောက်ကိုတစ်ယောက် အထင်လွဲဖို့လား?? ❥ ငါတို့နှစ်ယောက် ချစ်နေကြတာ တစ်ယောက်ကိုတစ်ယောက် စိတ်ကောက်ဖို့လား?? ❥ ငါတို့နှစ်ယောက် ချစ်နေကြတာ တစ်ယောက်ကိုတစ်ယောက် အရွဲ့တိုက်ဖို့လား?? ❥ ငါတို့နှစ်ယောက် ချစ်နေကြတာ တွေ့လိုက်တိုင်း ရန်ဖြစ်ဖို့လား?? အချိန်တွေ နှမြောဖို့ကောင်းပါတယ် ချစ်သူ ... ဘာလို့အဓိပ္ပာယ်မရှိတဲ့အကြောင်းအရာတွေအတွက် ငါတို့ရဲ့ ပျော်ရွှင်ရမယ့်အချိန်တွေကို အဆုံးရှုံးခံမှာလဲ?? ✔ ငါနင့်ကို ရာနှုန်းပြည့်ယုံကြည်မယ် ~ နင်လည်း ငါ့ကို ရာနှုန်းပြည့် ယုံကြည်မယ်!! ✔ ငါနင့်အပေါ် အချိန်တိုင်း သစ္စာရှိမယ် ~ နင်လည်း ငါ့အပေါ် အမြဲသစ္စာရှိမယ်!! ✔ နင်စိတ်တိုတဲ့အခါ ငါချက်ချင်း တောင်းပန်မယ် ~ ငါစိတ်ကောက်တဲ့အခါ နင်ချက်ချင်း ချော့မယ်!! ✔ နင်မကျေနပ်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောမယ် ~ ငါအလိုမကျတာရှိရင်လည်း ပွင့်ပွင့်လင်းလင်းပြောမယ်!! ✔ ငါတို့နှစ်ယောက်ကြားမှာ ချုပ်ချယ်မှုအစား နားလည်မှုကို အစားထိုးမယ်!! ✔ နားလည်မပေးနိုင်လောက်တဲ့ ကိစ္စတွေဖြစ်ခဲ့ရင် အချစ်တွေနဲ့ ခွင့်လွှတ်ပေးမယ်!! ဘာလိုသေးလဲချစ်သူ?? ဘာကြောင် မာနတွေနဲ့ တင်းခံပြီး ကိုယ့်ကိုကိုယ် နှိပ်စက်နေမှာလဲ?? ♥ နင်မကြိုက်တာတွေ လုပ်မိရင် ငါတောင်းပန်တယ် ... ♥ နင်မကြိုက်တာတွေ ပြောမိရင် ငါတောင်းပန်တယ် ... ♥ ငါမှားတယ်လို့ နင်ထင်ရင် ငါတောင်းပန်တယ် ... ♥ ငါ့ကို ခွင့်လွှတ်တယ်ဆို..................*******
 face book မှ ကူးယူတင်ပြလိုက်ပါသည် ...ခံစားချက်ချင်ထက်တူဖြစ်ခဲ့လျှင်.....................******** 

Date...17.2.2013  Sunday night   ကြေကွဲနေ့ ည....အမှတ်တရ ......