http://pyarlay.blogspot.com/

ပျားလေးပျော်ရာနှင်းဆီကမ္ဘာ မှ လှိုက်လှဲစွာကြိုဆိုပါ၏ သီချင်းများကို STOP BUTTON အား CLICK အားနှိပိပြီးပိတ်ထားနိုင်ပါဥည်။

100

***** *

Saturday, January 28, 2012

place of initial deplovement

ပန်းတို့ပွင့်ရာ

သံသရာတစ်လျှောက်မှာ လွမ်းလောက်တဲ့ ဒီနေရာ
၁၅၀၀ မေတ္တာမျိုးနဲ့ ပျိုးခဲ့တဲ့ဥယျာဉ်...
ပေါင်းသင်လို့ရေလောင်း မျိုးကောင်းဖို့သန့်စင်....
ပွင့်လာစဉ်ရင်ဝယ်တွင်းမှ 
မေတ္တာပန်း၊ ဂရုဏာပန်း၊
မုဒိတာပန်း၊ ဥပက္ခာပန်း
အချစ်ပန်းတို့လှိုင်လှိုင်ဝေ....
အမြဲတစေပွင့်စေဖို့ရေး
သစ္စာရေအေး တိုက်ကျွေးခဲ့လည်း
အလိုမကျ မာန်ဟုန်ကြွကာ
ခူးသူခူး ခြွေသူခြွေ
လေသူလေ လွင့်သူလွင့်
ပွင့်သူပွင့် ဖြစ်ကြအဖုံဖုံ...
မြေဆီကုန် ရေခြောက်ခန်းလို့
နွေရဂုံ အပူရောက်ကာမှ
တမ်းတလို့ လွမ်းရပါသည်
ပန်းတို့ပွင့်ရာ ဥယျာဉ်ဆီ....သို့..

Sunday, January 8, 2012

ပျားအလင်္ကာ

တစ်ဦးတစ်ယောက် ခွဲဖေါက်မနေ
အုံမှာတွယ်ကပ် ပင်ယံထက်မှာ
လှုပ်ရှားရုန်းကန် ကိုယ့်အားမာန်ဖြင့် 
တောင်ပံလွှင့်လျှက် လေဟုန်ထက်မှာ 
ပျံသန်းရှာဖွေ ပန်းခင်းတွေသို့......

ရောက်လာပန်းခင်း ဟုန်ထိုးဆင်းကာ 
ထပ်မံရှာဖွေ ပန်းလှတွေကြား
ပွင့်ဖတ်ကိုကြည့် လူမသိအောင် 
နမ်းကာရူရှိုက် ၀တ်မှုံသိုက်မှာ 
လှိုက်လှိုက်တုန်အောင် ဆွဲဆောင်ခဲ့၏.......

ချိန်ခါသင့်ပြန် ၀ဲပျံခါလည်း
ခရီးပင်ဝေး မမောသေးဟု 
ဟစ်ကြွေးရွတ်ခါ ဌာနေဆီသို့
ဝတ်ရည်စုဖို့ ပြန်ပို့ပေးသည်
လေးစာပါမည် ပျားဂုဏ်ရည်........

နှင်းဆီကမ္ဘာ

ရာသီကူးပြောင်း နှစ်သစ်ဆောင်းမှာ 
အလွမ်းအေးဒဏ် ကြံ့ကြံ့ခ့ခဲ့...
နှင်းစက်လေးတွေ ဖွဲဖွဲကြွေကျ
ဆောင်းတစ်ညရဲ့လွမ်းပန်းချီ...
နှစ်သစ်ဆီပျံသန်း အတောင်ညောင်းမှန်းမသိခဲ့
အားကုန်လို့ မာန်လျော့
ပြုတ်ကျခဲ့ပေါ့ ပင်လယ်ဆီ..
လှိုင်းလုံးစီစီ ရေကြည်ကြားမှာ
လွမ်းတေးသီငှက်ကလေးရယ်
ပျားလေးကိုခေါ်ဆောင် နေရောင်ခြည်ပေါ်မထွက်ခင်
 သံယောဇဉ်ပင်လယ်ကမ်းက နှင်းဆီကမ္ဘာသို့...အရောက်ပို့ခဲ့နော်