တမ်းတလို့ လွမ်းရတယ်
ဝေးလွန်းလို့ ဆွေးရတယ်
အဝေး တစ်နေရာမှာနေရပေမယ့် 
အတွေးကမ္ဘာမှာ မင်းအရိပ်လေးသာ
ခိုတွယ်နေရပါတယ် ..ချစ်သူရယ် ..
ဝေးနေရတဲ့ ဘ၀မှာ
ဆွေးနေရတာကိုပဲ ..ကျေနပ်နေရတဲ့ ကိုယ့်ဘ၀လေးကို ..
မင်းသာ နားလည်ပေးမယ်ဆိုရင်
ကိုယ့်ရဲ့ချစ်ချင်းတွေက ကမ္ဘာတည်သရွေ့
ပျောက်ပျက်မသွားဘူးဆိုတာ ..သစ္စာဆိုလို့ရပါတယ်...
နှလုံးသားရဲ့ လွမ်းတတ်မှု့ကို
ချစ်တတ်သူမှ သိလိမ်မယ် ....
ချစ်တတ်သူရဲ့ စိုးထိတ်မှုကို
ကြင်နာသူမှ သိလိမ့်မယ် ...
ကြင်နာသူရဲ့ပေးဆပ်မှုကို
မြတ်နိုးသူမှ သိလိမ့်မယ် ....
ပန်းပွင့်တွေရဲ့ ရနံ့ကြိုင်မှုကို
နမ်းရှိုက်ဖူးမှ သိလိမ့်မယ် ...
http://pyarlay.blogspot.com/
100
*****
*
Saturday, November 24, 2012
Sunday, May 6, 2012
Myanmar new year
နေပူခြစ်တောက် သစ်ရွက်ခြောက်တို့
ကောက်ကွေးလိမ်ကြွေ ဂိမှာန်နွေတဲ့ ……
တွေးရင်းလွမ်းမိ စဉ်းစားကြည့်သည်
နှစ်ကူးတော့မည် သင်္ကြန်ဆီ သို့ …….
ရင်မှာနိုးလန့် ပိတောက်နံ့တို့
သင်းစွာထုံမွှေး ၀င်းဝါဖွေးလျှက်
တန်ခူးသက်သေ ပြလို့နေပြီ……
သို့ပေမယ့် နှောင်းအတိတ်
တရိပ်ရိပ်နဲ့ ထင်ကျန်
ဝေဒနာဒဏ် ကြိမ်ဖန်များလည်း
မှေးမှိတ်ခါနေပါတော့မယ်
ကြိုနှင့်တော့ကွယ် နှစ်သစ်ရယ်.....
Sunday, February 19, 2012
Thursday, February 9, 2012
FRIENDSHIP ON MY HEART
်
ကလေးဘ၀ စခဲ့ကြချိန်
အသိမကြွယ် ပြစ်ဖွယ်မရှိ
ဟာလာရင်တွင်း တစ်ဆင့်ချင်းမျှ
ဆင့်တက်ကာပင် သံယောဇဉ်တဲ့.....
ကျောင်းနေရွယ်တူ ဖေးမကူပေး
ဝန်မလေးဘဲ တူယှဉ်တွဲကာ
လျှောက်လာဘ၀ မအေးမြသော်
စိတ်မှာပျော်ရွှင် သံယောဇဉ်တဲ့.....
အရွယ်ရောက်မှ လမ်းခွဲကြပြန်
သံယောဇဉ်လံ ရင်မှာထူလို့
လေးစားသမှု ပြုလိုက်ပါရစေ
နှလုံးသားထဲက သူငယ်ချင်း....
Saturday, January 28, 2012
place of initial deplovement
ပန်းတို့ပွင့်ရာ
သံသရာတစ်လျှောက်မှာ လွမ်းလောက်တဲ့ ဒီနေရာ
၁၅၀၀ မေတ္တာမျိုးနဲ့ ပျိုးခဲ့တဲ့ဥယျာဉ်...
ပေါင်းသင်လို့ရေလောင်း မျိုးကောင်းဖို့သန့်စင်....
ပွင့်လာစဉ်ရင်ဝယ်တွင်းမှ
မေတ္တာပန်း၊ ဂရုဏာပန်း၊
မုဒိတာပန်း၊ ဥပက္ခာပန်း
အချစ်ပန်းတို့လှိုင်လှိုင်ဝေ....
အမြဲတစေပွင့်စေဖို့ရေး
သစ္စာရေအေး တိုက်ကျွေးခဲ့လည်း
အလိုမကျ မာန်ဟုန်ကြွကာ
ခူးသူခူး ခြွေသူခြွေ
လေသူလေ လွင့်သူလွင့်
ပွင့်သူပွင့် ဖြစ်ကြအဖုံဖုံ...
မြေဆီကုန် ရေခြောက်ခန်းလို့
နွေရဂုံ အပူရောက်ကာမှ
တမ်းတလို့ လွမ်းရပါသည်
ပန်းတို့ပွင့်ရာ ဥယျာဉ်ဆီ....သို့..
Friday, January 20, 2012
Sunday, January 8, 2012
ပျားအလင်္ကာ
တစ်ဦးတစ်ယောက် ခွဲဖေါက်မနေ
အုံမှာတွယ်ကပ် ပင်ယံထက်မှာ
လှုပ်ရှားရုန်းကန် ကိုယ့်အားမာန်ဖြင့်
တောင်ပံလွှင့်လျှက် လေဟုန်ထက်မှာ
ပျံသန်းရှာဖွေ ပန်းခင်းတွေသို့......
ရောက်လာပန်းခင်း ဟုန်ထိုးဆင်းကာ
ထပ်မံရှာဖွေ ပန်းလှတွေကြား
ပွင့်ဖတ်ကိုကြည့် လူမသိအောင်
နမ်းကာရူရှိုက် ၀တ်မှုံသိုက်မှာ
လှိုက်လှိုက်တုန်အောင် ဆွဲဆောင်ခဲ့၏.......
ချိန်ခါသင့်ပြန် ၀ဲပျံခါလည်း
ခရီးပင်ဝေး မမောသေးဟု
ဟစ်ကြွေးရွတ်ခါ ဌာနေဆီသို့
ဝတ်ရည်စုဖို့ ပြန်ပို့ပေးသည်
လေးစာပါမည် ပျားဂုဏ်ရည်........
Subscribe to:
Comments (Atom)